Skip to content
သုတ္တံကျမ်း 25:1-5

ဟေဇကိ၏ လူတို့ ကူးရေးသော သုတ္တံစကားများ၊ ဘုရားသခင်၏ ဘုန်းနှင့် ရှင်ဘုရင်၏ တာဝန်

သုတ္တံကျမ်း 25:1-5
1
ယုဒရှင်ဘုရင် ဟေဇကိလူတို့ကူးရေးသော ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊
2
အမှုအရေးကို ဝှက်ထားခြင်းသည် ဘုရားသခင် ၏ ဘုန်းတော်နှင့် သင်၏။ ရှင်ဘုရင်မူကား၊ အမှုအရေးကို စစ်ကြောခြင်းအားဖြင့် ဂုဏ်အသရေတည်၏။
3
မိုဃ်းကောင်းကင်သည် မြင့်၏။ မြေကြီးသည် နက်၏။ ရှင်ဘုရင်နှလုံးကိုလည်း စစ်၍မသိနိုင်။
4
ငွေထဲက ချော်ကိုထုတ်ပယ်လျှင်၊ ပန်တိမ်သမား နှင့် တော်သင့်သောဖလားကို ရလိမ့်မည်။
5
မတရားသော သူတို့ကို ရှင်ဘုရင်ထံတော်မှ ပယ်ရှားလျှင်၊ အာဏာတော်သည် တရားအားဖြင့် တည် လိမ့်မည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်