Skip to content
သုတ္တံကျမ်း 20:26-30

ရှင်ဘုရင်၊ ဘုရားသခင်၏အုပ်စိုးခြင်းနှင့်ဆုံးမခြင်း

သုတ္တံကျမ်း 20:26-30
26
ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့် ဖိတတ်၏။
27
လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏ မီးခွက်ဖြစ်၏။
28
ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ်၏။
29
လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ်၏။
30
အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options