Skip to content
သုတ္တံကျမ်း 10:22-32

ထာဝရဘုရား၏ကောင်းကြီးနှင့်နောက်ဆုံးတရားစီရင်ခြင်း

သုတ္တံကျမ်း 10:22-32
22
ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
23
မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
24
မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။
25
မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
26
ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
27
ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
28
ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
29
ထာဝရဘုရား၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည်။
30
ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။
31
ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
32
ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options