Skip to content
တောလည်ရာကျမ်း 4:37-49

တောလည်ရာကျမ်း 4:37-49

37
ဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထား တော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက် ၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ရ သော ကောဟတ်အဆွေအမျိုးသားပေတည်း။
38
ဂေရုရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
39
ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ခြင်းငှါ၊
40
အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍ စာရင်းသွင်း သော လူပေါင်းကား နှစ်ထောင်ခြောက်ရာ သုံးဆယ် ရှိ သတည်း။
41
ဤသူတို့သည် ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ မောရှေနှင့်အာရုန်သည် ရေတွက်၍ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်နေရ သော ဂေရရှုန်အဆွေအမျိုးသားပေတည်း။
42
မေရာရိသားတို့တင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမှီ၊
43
ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင် ခြင်းငှါ၊ အလုံးအရင်းဝင်သော သူအပေါင်းတို့ကို ဘိုးဘ အဆွေအမျိုးအလိုက် ရေတွက်၍
44
စာရင်းသွင်းသော လူပေါင်းကား သုံးထောင်နှစ်ရာရှိသတည်း။
45
ဤသူတို့သည် မောရှေ၌ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။
46
ထိုသို့နှင့် အညီ၊ လေဝိသားတို့တွင် အသက်သုံး ဆယ်လွန်၍ ငါးဆယ်မမှီ၊
47
ပရိသတ်စည်းဝေးရာ တဲတော အမှုတော်ကို စောင့်၍ ဝန်များကို ထမ်းခြင်းငှါ ဝင်သော သူအပေါင်းတို့ကို၊
48
ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုး သူကြီးတို့သည် ရေတွက်၍ စာရင်းသွင်းသော လူပေါင်းကား ရှစ်ထောင် ငါးရာရှစ်ဆယ်ရှိသတည်း။
49
မောရှေ၌ ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးသီး စောင့်ရသောမှု အသီး အသီးထမ်းရသော ဝန်တို့ကို ထောက်၍မရ၊ မောရှေ ရေတွက်သတည်း။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options