Skip to content
တောလည်ရာကျမ်း 30:1-6

တောလည်ရာကျမ်း 30:1-6

1
တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
2
လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကို ပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
3
မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊
4
ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။
5
သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား မည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
6
မိန်းမသည် လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options