တောလည်ရာကျမ်း 21:34
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 34 ကို ပြသနေသည်။
31
ထိုသို့ ဣသရေလအမျိုးသားတို့သည် အာမောရိ ပြည်၌ နေရကြ၏။
32
မောရှေသည်လည်း၊ ယာဇာမြို့ကို စူးစမ်းခြင်းငှါ လူကို စေလွှတ်ပြီးလျှင်၊ ထိုမြို့ရွာတို့ကို သိမ်းယူ၍ အရင် နေသော အာမောရိအမျိုးသားတို့ကို နှင်ထုတ်ကြ၏။
33
တဖန် ဣသရေလအမျိုးသားတို့သည် လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင်ဘုရင်ဩဃ သည်၊ မိမိလူအပေါင်းတို့နှင့် ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီသွား၏။
34
ထာဝရဘုရားကလည်း၊ သူ့ကို မကြောက်နှင့်။ သူနှင့်တကွ သူ၏လူအပေါင်းကို၎င်း၊ သူ၏မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးပြီ။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင်ရှိဟုန်ကို ပြုသကဲ့သို့၊ ဤမင်းကိုလည်း ပြုရမည် ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
35
ထိုမင်းနှင့်သားများ၊ လူများအပေါင်းတို့ကို တယောက်မျှ မကြွင်းလုပ်ကြံ၍ သူ၏ပြည်ကို သိမ်းယူ ကြ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်