Skip to content
တောလည်ရာကျမ်း 16:19-23

တောလည်ရာကျမ်း 16:19-23

19
ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
20
ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
21
ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
22
သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
23
ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်