Skip to content
နေဟမိမှတ်စာ 6:1-4

နေဟမိမှတ်စာ 6:1-4

1
ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊
2
သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။
3
ငါကလည်း၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော ၏။
4
ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
Settings

Reading Style

Typeface

Font Size 19px

Options