Skip to content
နေဟမိမှတ်စာ 3:28-32

ပတ်လည်မြို့ရိုးကို ပြီးစီးစေခြင်း—မြင်းတံခါးမှ သိုးတံခါးတိုင်အောင်

နေဟမိမှတ်စာ 3:28-32
28
မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တဘက်တချက်၌ အသီးအသီးပြင်ကြ ၏။
29
သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
30
သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည်ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသား မေရှုလံသည် မိမိအိပ်ရာခန်းတဘက် တချက်၌ ပြင်၏။
31
သူ့နောက်မှ၊ ပန်းတိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တဘက်တချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာ အရပ်တိုင်အောင်၎င်း၊ မြို့ထောင့်တက် ရာအရပ်တိုင်အောင်၎င်းပြင်၏။
32
မြို့ထောင့်တက်ရာအရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းတိမ်သမား များနှင့် ကုန်သည်များ တို့သည်ပြင်ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options