Skip to content
နေဟမိမှတ်စာ 2:19-20

နေဟမိမှတ်စာ 2:19-20

19
ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင်၊ ပြက်ယယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။
20
ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။
Settings

Reading Style

Typeface

Font Size 19px

Options