အကြောင်းအရာသို့ ကျော်သွားရန်
ရှင်မဿဲခရစ်ဝင် 8:28-34

ဂေရဂေသနာပြည်၌ နတ်ဆိုးများကို နှင်ထုတ်ခြင်း

ရှင်မဿဲခရစ်ဝင် 8:28-34
28
ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊
29
ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
30
ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
31
နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊
32
သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။
33
ဝက်ကျောင်းသောသူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏အကြောင်း မှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊
34
တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options