Skip to content
ရှင်မဿဲခရစ်ဝင် 14:15-18

ရှင်မဿဲခရစ်ဝင် 14:15-18

15
ညဦးယံ၌ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်းချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊
16
ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။
17
တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါ ဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ၏။
18
ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟုအမိန့်တော်ရှိ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်