Skip to content
ရှင်မဿဲခရစ်ဝင် 12:13-16

ရှင်မဿဲခရစ်ဝင် 12:13-16

13
ထိုသူအား၊ သင်၏လက်ကိုဆန့်လော့ဟု မိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင် ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။
14
ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏။
15
ယေရှုသည် သိတော်မူလျှင်၊ အခြားသို့ပြောင်းကြွ၍ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသဖြင့်၊ သူတို့၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေတော်မူ၏။
16
ထိုသူတို့သည် သိတင်းတော်ကို မဖွင့်ရမည်အကြောင်း ပညတ်တော်မူ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options