Skip to content
ရှင်မာကုခရစ်ဝင် 6:35-38

ရှင်မာကုခရစ်ဝင် 6:35-38

35
မိုဃ်းချုပ်သောအခါ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုဃ်း လည်း ချုပ်ပါပြီ။
36
လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍ စားစရာကိုဝယ်စေခြင်းငှါ အခွင့်ပေးတော်မူပါ။ သူ တို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊
37
ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု ပြန်ပြောတော်မူ၏။ တပည့်တော်တို့ကလည်း၊ အကျွန်ုပ်တို့သည် သွား၍ ဒေနာရိအပြားနှစ်ရာနှင့်မုန့်ကိုဝယ်ပြီးလျှင် သူတို့အား စားစရာဘို့ ပေးရပါအံ့လောဟု လျှောက်ကြ၏။
38
ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့်ဘယ်နှစ်လုံးရှိသနည်း။ သွား၍ ကြည့်ရှုကြဟု မိန့်တော်မူသည် အတိုင်း သူတို့သည် သိပြီးမှ၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ရှိပါသည်ဟု လျှောက်ပြန်၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options