အကြောင်းအရာသို့ ကျော်သွားရန်
ရှင်လုကာခရစ်ဝင် 20:20-26

ကဲသာဘုရင်အား အခွန်ပေးခြင်း

ရှင်လုကာခရစ်ဝင် 20:20-26
20
ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်ကိုချောင်းမြောင်းလျက်၊ စကားတော်၌ အပြစ်ကိုရှာ၍ မြို့ဝန်မင်း လက်သို့ အပ်နှံသောခွင့်ကိုရခြင်းငှါ သူတော်ကောင်းဖြစ်ယောင်ဆောင်သောသူလျှိုတို့ကို အထံတော်သို့ စေ လွှတ်ကြ၏။
21
ထိုသူလျှိုတို့က၊ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမဩဝါဒ ပေး၍၊ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့သိကြပါ၏။
22
အကျွန်ုပ်တို့သည် ကဲသာဘုရင်အား အခွန်ကိုဆက်အပ်သလော၊ မဆက်အပ်သလောဟု မေးလျှောက် ကြ၏။
23
ကိုယ်တော်သည် ထိုသူတို့၏ ပရိယာယ်ကို သိမှတ်တော်မူလျှင်၊ သင်တို့သည် ငါ့ကို အဘယ်ကြောင့် စုံစမ်းနှောင့်ရှက်ကြသနည်း။
24
ဒေနာရိတပြားကိုပြပါ။ အဘယ်သူ၏ပုံ၊ အဘယ်သူ၏လိပ်စာပါပါသနည်းဟု မေးတော်မူလျှင်၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက်ကြသော်၊
25
ကိုယ်တော်က၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ဥစ္စာကို ကား ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏။
26
ထိုသူတို့သည် လူများရှေ့တွင် စကားတော်၌ အပြစ်မတွေ့နိုင်သဖြင့် ပြန်ပြောတော်မူသော စကားကို အံ့ဩ၍ တိတ်ဆိတ်စွာနေကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options