Skip to content
ဝတ်ပြုရာကျမ်း 7:28-36

ယဇ်ပုရောဟိတ်တို့၏ သတ်မှတ်ထားသော အစိတ်အပိုင်းများ

ဝတ်ပြုရာကျမ်း 7:28-36
28
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊
29
မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
30
ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -
31
ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။
32
မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။
33
မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
34
ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
35
ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။
36
ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက်ပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်