Skip to content
ယေရမိမြည်တမ်းစကား 3:49

ယေရမိမြည်တမ်းစကား 3:49

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 49 ကို ပြသနေသည်။
46
ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။
47
အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။
48
ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊
49
ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။
50
ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
51
ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
52
အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်