Skip to content
တရားသူကြီးမှတ်စာ 2:1-9

တရားသူကြီးမှတ်စာ 2:1-9

1
ထာဝရဘုရား၏ တမန်တော်သည်၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့ လာ၍၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက်အစဉ်အမြဲစောင့်မည်။
2
သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ။ သူတို့ ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါ ဆိုသော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း။
3
တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့ တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
4
ထာဝရဘုရား၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ၊ လူများတို့သည် အသံကို လွှင့်၍ ငိုကြွေးကြ၏။
5
ထိုအရပ်ကို ဗောခိမ်အမည်ဖြင့် မှည့်၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ၏။
6
အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ၏။
7
ယောရှုလက်ထက်ကာလပတ်လုံး၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏။ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင်၍၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက်၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
8
ထာဝရဘုရား၏ကျွန်၊ နုန်၏သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ၏။
9
ဧဖရိမ်တောင်ပေါ်၊ ဂါရှကုန်းမြောက်မှာရှိသော သူ၏အမွေခံရာ တိမနဿေရမြို့နယ်မြေ၌ သင်္ဂြိုဟ်ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options