Skip to content
တရားသူကြီးမှတ်စာ 11:7-11

တရားသူကြီးမှတ်စာ 11:7-11

7
ယေဖသက၊ သင်တို့သည် ငါ့ကို မုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။
8
ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော်၊
9
ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှါ သင်တို့သည် ငါ့ကို ပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊
10
ဂိလဒ်ပြည်သားအသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့ မပြုလျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။
11
ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား၍ သူ့ကို လူများတို့၏ အထွဋ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဖပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options