ယောရှုမှတ်စာ 15:13-19
13
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ယောရှုသည် ယုဒအမျိုးသားတို့တွင် ယေဖုန္န၏သား ကာ လက်အဘို့ ဟေဗြုန်မြို့တည်းဟူသော အာနကအဘအာ ဘ၏မြို့ကို ချပေးလေ၏။
14
ထိုမြို့ထဲက ကာလက်သည် အာနကသားသုံး ယောက်၊ ရှေရှဲ၊ အဟိမန်၊ တာလမဲတို့ကို နှင်ထုတ်သော နောက်၊
15
ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရ မြို့သားတို့ရှိရာသို့ တဖန်ချီသွား၍၊
16
ကိရယဿေဖါမြို့ကို တိုက်ယူလုပ်ကြံသောသူ အား ငါသည် သမီးအာခသကို ပေးစားမည်ဟုဆိုလျှင်၊
17
ကာလက်ညီ ကေနတ်၏သား ဩသံယေလ သည် ထိုမြို့ကိုတိုက်ယူ၍ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ၏။
18
ထိုမိန်းမသည် ခရီးသွားစဉ်အခါ၊ လယ်တကွက် ကို အဘ၌ တောင်းခြင်းငှါ လင်နှင့်တိုင်ပင်ပြီးမှ မြည်းပေါ် ကဆင်းလေ၏။ အဘကာလက်က အဘယ်အလိုရှိသ နည်းဟု မေးလျှင်၊
19
သမီးက ကောင်းကြီးပေးစေချင်ပါ၏။ ကိုယ် တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ။ စမ်းရေ တွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အ တိုင်း အဘသည် အထက်စမ်းရေတွင်း၊ အောက်စမ်းရေ တွင်းတို့ကို ပေးလေ၏။
Settings