Skip to content
ဤစာမျက်နှာကို မျှဝေရန်
ရှင်ယောဟန်ခရစ်ဝင် 10:39-42

ပေရိယပြည်သို့ ဆုတ်ခွာခြင်းနှင့် ယုံကြည်သူများပြားလာခြင်း

ရှင်ယောဟန်ခရစ်ဝင် 10:39-42
39
ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။
40
ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။
41
လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော် လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊
42
ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်