Skip to content
ယောလအနာဂတ္တိကျမ်း 2:23-27

ယောလအနာဂတ္တိကျမ်း 2:23-27

23
အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။
24
ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။
25
အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။
26
သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
27
ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်