အကြောင်းအရာသို့ ကျော်သွားရန်
ယောလအနာဂတ္တိကျမ်း 1:13-14

ယဇ်ပုရောဟိတ်များအား နောင်တရခြင်းကို ဦးဆောင်ရန် အမိန့်တော်

ယောလအနာဂတ္တိကျမ်း 1:13-14
13
အို ယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကို ဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်တမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ် တော်၌ မဆက်ကပ်ဘဲ နေကြပါပြီတကား။
14
အစာရှောင်ရသော အချိန်ကို ခန့်ထားကြ လော့။ ခြိုးခြံစွာ ကျင့်ရသောအချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရား၏ အိမ်တော်၌ စည်း ဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options