ယောဘဝတ္ထု 28:20-28
20
သို့ဖြစ်၍၊ ပညာသည် အဘယ်က လာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာကျသနည်း။
21
အသက်ရှင်သော သတ္တဝါတစုံတယောက်မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍ မတွေ့နိုင်။
22
အဗဒ္ဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိတင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
23
ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်မူ၏။
24
ပညာနေရာအရပ်ကို သိတော်မူ၏။
25
လေကိုချိန်လျက်၊ ရေကိုလည်းခြင်လျက်၊ မြေကြီး စွန်းတိုင်အောင် ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်မူ၏။
26
မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်ရာ လမ်းကို ဖန်ဆင်းသောအခါ၊
27
ပညာကိုမြင်၍ဘော်ပြတော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။
28
လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။
Settings