ယောဘဝတ္ထု 20:12-16
12
သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
13
နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
14
စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
15
သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
16
သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
Settings