Skip to content
ယောဘဝတ္ထု 2:7

ယောဘဝတ္ထု 2:7

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 7 ကို ပြသနေသည်။
4
စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
5
ယခုတဖန် လက်တော်ကိုဆန့်၍ သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။
6
ထာဝရဘုရားကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊
7
စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ တိုးပေါက်စေ၏။
8
ယောဘသည် ကိုယ်ကိုခြစ်စရာ အိုးခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။
9
ထိုအခါမယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်းသေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟုဆို၏။
10
ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options