ယေရမိအနာဂတ္တိကျမ်း 51:40-44
40
အသေသတ်ခြင်းငှါ ဆွဲ၍ချသော သိုးသငယ်ကို ကဲ့သို့၎င်း၊ သိုးထီး၊ ဆိတ်ထီးကိုကဲ့သို့၎င်း ငါဆွဲ၍ချမည်။
41
ရှေရှက်မြို့ကိုတိုက်၍ ရလေပြီတကား။ မြေ တပြင်လုံး၌ ကျော်စောသော မြို့ကိုလုယူလေပြီတကား။ ဗာဗုလုန်မြို့သည် အပြည်ပြည်တို့တွင် အံ့ဩရာဖြစ်လေပြီ တကား။
42
ပင်လယ်သည် ဗာဗုလုန်ပြည်အပေါ်သို့တက်၍၊ များစွာသော လှိုင်းတံပိုးတို့သည် လွှမ်းမိုးကြပြီ။
43
မြို့များတို့သည် သုတ်သင်ပယ်ရှင်းရာအရပ်၊ သွေ့ခြောက်သော လွင်ပြင်ဖြစ်ကြပြီ။ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ ထိုလမ်းကိုမရှောက်ရ။
44
ဗာဗုလုန်မြို့၌ ဗေလဘုရားကိုလည်း ငါသည် ဒဏ်ပေးမည်။ သူမျိုသောအရာတို့ကို တဖန်အန်စေမည်။ လူအမျိုးမျိုးတို့သည် နောက်တဖန်သူ့ထံမှာ စည်းဝေးရကြ။ မြို့ရိုးလည်းပြိုလဲလျက်ရှိရလိမ့်မည်။
Settings