Skip to content
ယေရမိအနာဂတ္တိကျမ်း 41:16-18

ကျန်ကြွင်းသူများသည် အဲဂုတ္တုပြည်သို့ ထွက်ပြေးရန် စီစဉ်ခြင်း

ယေရမိအနာဂတ္တိကျမ်း 41:16-18
16
ထိုသို့အဟိကံသား ဂေဒလိကို သတ်ပြီးသည် နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသား ဣရှမေလလက်မှ ၎င်း၊ မိဇပါမြို့မှ၎င်းနှုတ်၍ ကျန်ကြွင်းသော သူတည်း ဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ် များ၊ မိန်းမစိုးများ အပေါင်းတို့ကို ဂိဗောင်မြို့မှ ဆောင်ခဲ့ ပြန်၍၊
17
ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ပြောင်းမည် အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့သွား၍ နေကြ၏။
18
အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန် ရှင်ဘုရင် ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိ သား ဣရှမေလသတ်သောကြောင့်၊ ခါလဒဲလူတို့ကို ကြောက်ကြ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options