ယေရမိအနာဂတ္တိကျမ်း 33:20-26
20
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထား သော နေ့ပဋိညာဉ်နှင့် ညဉ့်ပဋိညာဉ်တရားကို သင်တို့ သည် ဖျက်၍၊ နေ့ညဉ့်အပိုင်းအခြား မရှိစေခြင်းငှါ တတ် နိုင်လျှင်၊
21
ငါ၏ကျွန် ဒါဝိဒ်၌ ငါထားသော ပဋိညာဉ် ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ် မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှု ထမ်းလေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
22
မိုဃ်းကောင်းကင် တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို ကောင်းကင်နှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကို၎င်း၊ ငါ၏အမှု ထမ်းလေဝိသားတို့ကို၎င်း ငါများပြားစေမည်ဟု မိန့်တော် မူ၏။
23
တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
24
ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုး ကို တဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုး ကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
25
ထာဝရဘုရား မိန့်တော်မူသည်ကား၊ နေ့နှင့်ညဉ့် အဘို့ငါ၏ပဋိညာဉ်မရှိလျှင်၎င်း၊ မိုဃ်းကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်၎င်း၊
26
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုး ရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏ အမျိုးသားစဉ် မြေးဆက်ထဲက ငါရွေး၍ မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူ တို့ကို တဖန်ငါဆောင်ခဲ့၍ မသာနားမည်ဟု မိန့်တော် မူ၏။
Settings