ဟေရှာယအနာဂတ္တိကျမ်း 63:14-16
14
ချိုင့်ထဲသို့သိုးနွား ဆင်းသွားသကဲ့သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငြိမ်ဝပ်ရသော အခွင့်ကို ပေးတော်မူ၏။ ထိုသို့ အသရေတော်ကို ထင်ရှားစေခြင်းငှါ၊ ကိုယ်တော်၏လူတို့ကို ဆောင်သွားတော်မူပါပြီ။
15
ကောင်းကင်ဘုံက ငုံ့ကြည့်တော်မူပါ။ သန့်ရှင်း၍ ဘုန်းကြီးသောနေရာက ကြည့်ရှုတော်မူပါ။ စိတ်တော် အားကြီး၍ တန်ခိုးကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ်တို့ကို သနားစုံမက်တော်မူခြင်းသည် အဘယ်မှာရှိပါသနည်း။ ချုပ်တည်းတော်မူသလော။
16
အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ၊ ဣသရေလသည် လက်မခံသော်လည်း၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ ရှေးကာလမှစ၍ အကျွန်ုပ်တို့ကို ရွေးနှုတ်သော ဘုရားဖြစ်တော်မူ၏။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်