ဟေရှာယအနာဂတ္တိကျမ်း 61:4-9
4
ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင်ပယ်ရှင်းရာတို့ကို တည်ဆောက်ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ်အဆက် စွန့်ပစ်ရာ အရပ်တို့ကို ပြုစုကြလိမ့်မည်။
5
တပါးအမျိုးသားတို့သည် ရပ်လျက်၊ သင်တို့သိုးစု များကို ထိန်းကျောင်းကြလိမ့်မည်။ တကျွန်းတနိုင်ငံသား တို့သည် သင်တို့အဘို့ လယ်လုပ်၍၊ စပျစ်ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။
6
သင်တို့မူကား၊ ထာဝရဘုရား၏ ယဇ်ပုရော ဟိတ်ဟူ၍၎င်း၊ ငါတို့ဘုရားသခင်၏ အမှုတော်ထမ်းဟူ၍ ၎င်း သမုတ်ခြင်းကို ခံရကြလိမ့်မည်။ တပါးအမျိုးသားတို့ ၏ စည်းစိမ်ကို စား၍၊ သူတို့၏ ဘုန်းအသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
7
သင်တို့အရှက်ကွဲခြင်းအရာ၌ နှစ်ဆသော အကျိုးကို ခံရ၍၊ အသရေပျက်ခြင်းအရာ၌လည်း၊ သူတို့ အဘို့ကို ခံစားလျက် ဝမ်းမြောက်ကြလိမ့်မည်။ သူတို့မြေ၌ နှစ်ဆသောအဘို့ကို အမွေခံရ၍၊ ထာဝရဝမ်းမြောက်ခြင်း နှင့် ပြည့်စုံကြလိမ့်မည်။
8
အကြောင်းမူကား၊ ငါထာဝရဘုရားသည် တရားသဖြင့် စီရင်ခြင်းကို နှစ်သက်၏။ လုယူခြင်းအမှု နှင့် အဓမ္မအမှုကို မုန်း၏။ သစ္စာအတိုင်း သူတို့အား အကျိုးကို ပေးမည်။ သူတို့နှင့် ထာဝရပဋိညာဉ်ကို ဖွဲ့မည်။
9
သူတို့အမျိုးအနွယ် သားစဉ်မြေးဆက်တို့သည် တပါးအမျိုးသားနေရာအရပ်ရပ်၌ ကျော်စောကြလိမ့် မည်။ သူတို့သည် ထာဝရဘုရား ကောင်းကြီးပေးတော်မူ သော အမျိုးအနွယ်ဖြစ်ကြ၏ဟု သူတို့ကို မြင်သောသူ အပေါင်းတို့သည် ဝန်ခံကြလိမ့်မည်။
Settings