Skip to content
ဟေရှာယအနာဂတ္တိကျမ်း 44:1-3

ဟေရှာယအနာဂတ္တိကျမ်း 44:1-3

1
ယခုမူကား၊ ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက် သောသူ ဣသရေလ၊ နားထောင်လော့။
2
သင့်ကို ဖန်ဆင်းတော်မူသော ဘုရား၊ ဘွားစ ကပင် သင့်ကို ပြုပြင်၍၊ နောင်၌လည်း မစလတံ့သော ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ့ကျွန် ယာကုပ်၊ ငါရွေးကောက်သောသူ ယေရှုရုန်၊ မစိုးရိမ်နှင့်။
3
အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်