Skip to content
ဟေရှာယအနာဂတ္တိကျမ်း 42:7-9

ဟေရှာယအနာဂတ္တိကျမ်း 42:7-9

7
လက်ဆွဲလျက် ထောက်မမည်။ သင်သည် ကန်း သော မျက်စိတို့ကို ဖွင့်စိမ့်သောငှါ၎င်း၊ ချုပ်ထားသော သူတို့ကို လွှတ်စိမ့်သောငှါ၎င်း၊ မှောင်မိုက်၌နေသော သူတို့ကို အမိုက်ထောင်ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူများနှင့် ပဋိညာဉ်ဖွဲ့စရာဘို့၊ လူအမျိုးမျိုး လင်းစရာဘို့ ခန့်ထားမည်။
8
ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားသော သူအား၎င်း၊ ငါ့ အသရေကို ရုပ်တုဆင်းတုတို့အား၎င်း ငါမပေး။
9
အရင်ဟောသော အရာတို့သည် ဖြစ်ကြပြီ။ အသစ်သော အရာတို့ကို ယခု ငါဟော၏။ မပေါ်လာမှီ သင်တို့အား ငါပြနှင့်၏။
Settings

Reading Style

Typeface

Font Size 19px

Options