ဟေရှာယအနာဂတ္တိကျမ်း 36:16-18
16
ဟေဇကိစကားကို နားမထောင်ကြနှင့်။ အာရှုရိ ရှင်ဘုရင် မိန့်တော်မူသည်ကား၊ ငါနှင့် မိဿဟာယဖွဲ့ကြ။ငါ့ထံသို့ ထွက်လာကြ။
17
သင်တို့ပြည်နှင့် တူသောပြည်တည်း ဟူသော၊ ဆန်စပါးစပျစ်ရည်နှင့် ပြည့်စုံသောပြည်၊ မုန့်နှင့် စပျစ်ဥယျာဉ်များသောပြည်သို့၊ သင်တို့ကို ပို့ခြင်းငှါ ငါမ လာမှီတိုင်အောင်၊ သင်တို့သည် ကိုယ်စပျစ်ပင်၏အသီး၊ ကိုယ်သင်္ဘောသဖန်းပင်၏ အသီးကို စား၍၊ ကိုယ်ရေကန် ကရေကို သောက်လျက်နေကြဦးလော့။
18
ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ် ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။
Settings