Skip to content
ဟေရှာယအနာဂတ္တိကျမ်း 33:13-16

ဘုရားသခင်၏ လောင်ကျွမ်းသောမီးကို အဘယ်သူ ခံနိုင်မည်နည်း

ဟေရှာယအနာဂတ္တိကျမ်း 33:13-16
13
ဝေးသောသူတို့၊ ငါပြုသောအမှုကို မှတ်ကြ လော့။ နီးသောသူတို့၊ ငါ့တန်ခိုးကို ဝန်ခံကြလော့။
14
အပြစ်ရှိသော ဇိအုန်မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မပြုသောသူတို့သည် ထိတ်လန့်ကြ၏။ ငါတို့ တွင် အဘယ်သူသည် လောင်သောမီးထဲမှာ နေရမည် နည်း။ ငါတို့တွင် အဘယ်သူသည် ထာဝရ မီးလောင်ခြင်း ကို ခံလျက်နေရမည်နည်း။
15
တရားသဖြင့်ကျင့်၍ ဖြောင့်မတ်စွာ ပြောထ သော၊ ညှဉ်းဆဲခြင်းအားဖြင့် ရသော ငွေကို ရွံ၍၊ တံစိုးကို လည်း ငြင်းပယ်ထသော၊ လူအသက်သတ်ခြင်း အမှုကို နားမခံ၊ အဓမ္မ အမှုများကို မကြည့်မရှုသောသူသည် မြင့် သောအရပ်၌ နေလိမ့်မည်။
16
ခိုင်ခံ့သော ကျောက်မြို့၌ ခိုလှုံလိမ့်မည်။ ထိုသူ အား အစာကို အစဉ်ပေးရလိမ့်မည်။ သောက်ရေလည်း မပြတ်ရ။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options