ဟေရှာယအနာဂတ္တိကျမ်း 32:17-18
17
ဖြောင့်မတ်ခြင်း တရားသည်လည်း၊ ငြိမ်သက် ခြင်းကို ပြုစုလိမ့်မည်။ ဖြောင့်မတ်ခြင်း အကျိုးမူကား၊ ထာဝရ ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းတည်း။
18
ငါ၏လူတို့သည်လည်း၊ ငြိမ်သက်သောနေရာ၊ လုံခြုံသောမြို့ရွာ၊ ဘေးလွတ်သော ချမ်းသာရာအရပ်တို့ ၌ နေရကြလိမ့်မည်။