ဟောရှေအနာဂတ္တိကျမ်း 11:3-4
3
ငါသည် သွားတတ်သော အတတ်ကို ဧဖရိမ် အား လက်ဆွဲ၍ သွန်သင်၏။ သို့သော်လည်း၊ ငါစောင့်မ ခြင်း ကျေးဇူးကို သူသည် မသိဘဲ နေ၏။
4
လူကို ဆွဲတတ်သော ကြိုးတည်းဟူသော မေတ္တာ ကြိုးနှင့် ငါဆွဲငင်၏။ ပါးရိုးအနားသို့ ထမ်းဘိုးကို ရွှေ့၍ ဖြည်းညှင်းစွာ ကျွေး၏။