အကြောင်းအရာသို့ ကျော်သွားရန်
ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:16-19

ပရောဖက်၏ ယုံကြည်ခြင်းဖြင့် တုံ့ပြန်ခြင်း

ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:16-19
16
ဗျာဒိတ်တော်သံကို ငါကြားသောအခါ ရင်၌ လှုပ်ရှားခြင်း၊ မေးခိုင်ခြင်း၊ အရိုးဆွေးမြေ့ခြင်း၊ တကိုယ် လုံးတုန်လှုပ်ခြင်းရှိ၏။ အကြောင်းမူကား၊ အမှုရောက် သောနေ့၊ လုပ်ကြံသောသူသည် ငါ၏လူမျိုးကို တိုက်လာ သောနေ့တိုင်အောင် ငါသည် နေရစ်ရမည်။
17
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
18
သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက် ၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
19
အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ် တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍၊ ငါ၏မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်။ ပရောဖက်ဟဗက္ကုတ်စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options