Skip to content
ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:17-19

သို့သော်လည်း ထာဝရဘုရား၌ ဝမ်းမြောက်မည်

ဟဗက္ကုတ်အနာဂတ္တိကျမ်း 3:17-19
17
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရ၊ သံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို မပေးရ၊ သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌ နွားမရှိရ။
18
သို့သော်လည်း၊ ထာဝရဘုရား၌ ငါဝမ်းမြောက် ၍၊ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြု လျက် ရွှင်လန်းမည်။
19
အရှင်ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိဖြစ် တော်မူ၏။ ငါ့ခြေကို သမင်ခြေကဲ့သို့ ဖြစ်စေ၍၊ ငါ၏မြင့် ရာ အရပ်ပေါ်မှာ ငါ့ကို နေရာချတော်မူမည်။ ပရောဖက်ဟဗက္ကုတ်စီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options