ကမ္ဘာဦးကျမ်း 5:21-24
21
ဧနောက်သည် အသက်ခြောက်ဆယ်ငါးနှစ် ရှိသော် သားမသုရှလကို မြင်လေ၏။
22
မသုရှလဘွားမြင်သောနောက် ဧနောက်သည် အနှစ်သုံးရာပတ်လုံး ဘုရားသခင်နှင့်အတူသွားလာ၍ သားသမီးများကို မြင်လေ၏။
23
ဧနောက်အသက်နှစ်ပေါင်းသုံးရာ ခြောက်ဆယ် ငါးနှစ်တည်း၊
24
ဧနောက်သည် ဘုရားသခင်နှင့်အတူ သွားလာ၏။ နောက်တဖန် သူသည်မရှိ အကြောင်းမူကား၊ ဘုရား သခင် သိမ်းယူတော်မူသောကြောင့်တည်း။
Settings