Skip to content
ကမ္ဘာဦးကျမ်း 40:5-10

ကမ္ဘာဦးကျမ်း 40:5-10

5
ထိုသို့ထောင်ထဲမှာ အချုပ်ခံလျက်နေရသော အဲဂုတ္တုရှင်ဘုရင်၏ ဖလားတော်ဝန်နှင့် စားတော်ဝန် နှစ်ယောက်တို့သည်၊ အသီးအသီး မိမိတို့ ကိုယ်စီဆိုင်သော အနက်နှင့်ပြည့်စုံသော အိပ်မက်ကို တညဉ့်ခြင်းတွင် တယောက်တနည်းစီ မြင်မက်ကြ၏။
6
နံနက်အချိန်ရောက်မှ ယောသပ်သည် သူတို့ ထံသို့ဝင်၍ ကြည့်ရှုသောအခါ၊ သူတို့မျက်နှာညှိုးငယ်လျက် ရှိသည်ကိုမြင်လျှင်၊
7
သင်တို့သည် ယနေ့အဘယ်ကြောင့် မျက်နှာ ညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူ အချုပ်ခံ နေရသော ဖါရောမင်း၏ အမတ်တို့အား မေး၏။
8
သူတို့ကလည်း၊ ငါတို့သည် အိပ်မက်ကိုမြင်ရပြီ။ အနက်ကို ဘတ်နိုင်သောသူ မရှိဟုဆိုကြသော်၊ ယောသပ် က၊ အိပ်မက်အနက်များကို ဘုရားသခင်ဆိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍ သင်တို့အိပ်မက်ကို ကျွန်ုပ်အား ကြားပြောကြပါဟုဆို၏။
9
ထိုအခါ ဖလားတော်ဝန်သည် မိမိအိပ်မက်ကို ယောသပ်အား ကြားပြောသည်ကား၊ ငါမြင်မက်သော အိပ်မက်တွင်၊ ငါ့ရှေ့မှာ စပျစ်နွယ်ပင် ရှိ၏။
10
ထိုစပျစ်နွယ်ပင်၌ အလက်သုံးလက်ရှိ၏။ ထိုအလက်တို့၌ ပန်းငုံကဲ့သို့ရှိ၏။ အပွင့်လည်း ပွင့်၏။ အသီးပြွတ်တို့လည်း မှည့်သောစပျစ်သီး ဖြစ်လေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options