ကမ္ဘာဦးကျမ်း 35:1-2
1
ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလ အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ် အား မိန့်တော်မူ၏။
2
ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။
Settings