Skip to content
ကမ္ဘာဦးကျမ်း 26:12-17

ချမ်းသာကြွယ်ဝခြင်းနှင့် ဖိလိတ္တိလူတို့၏ မနာလိုခြင်း

ကမ္ဘာဦးကျမ်း 26:12-17
12
ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊
13
သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14
သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။
15
အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
16
အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကို အမိန့်ရှိသောကြောင့်၊
17
ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options