Skip to content
ကမ္ဘာဦးကျမ်း 20:3-7

ကမ္ဘာဦးကျမ်း 20:3-7

3
ညဉ့်အချိန်တွင် အိပ်မက်အားဖြင့် ဘုရားသခင်သည် အဘိမလက်ဆီသို့ကြွလာ၍၊ သင်သည် လူသေ ဖြစ်၏။ အကြောင်းမူကား၊ သင်ယူသော မိန်းမသည် သူ့မယားဖြစ်၏ဟု မိန့်တော်မူ၏။
4
အဘိမလက်သည်၊ ထိုမိန်းမနှင့် မပေါင်းဘော်သေးသည်ဖြစ်၍၊ အိုဘုရားရှင်၊ ဖြောင့်မတ်သော လူမျိုးကို ကွပ်မျက်တော်မူမည်လော။
5
သူသည် ငါနှမဖြစ်၏ဟု အကျွန်ုပ်အားယောက်ျားဆိုသည် မဟုတ်ပါလော။ အကျွန်ုပ်အား သူသည်ငါ့မောင့်ဖြစ်၏ဟု မိန်းမလည်း ဆိုသည် မဟုတ် ပါလေ။ ဖြောင့်မတ်သော သဘောရှိ၍ သန့်ရှင်းသော လက်နှင့် ဤအမှုကို အကျွန်ုပ်ပြုပါပြီဟု လျှောက်ဆို၏။
6
ထိုအိပ်မက်၌ ဘုရားသခင်ကလည်း၊ မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည်ငါ့ကို မပြစ်မှားစေခြင်းငှါ၊ သင့်ကို ငါ ဆီးတားပြီး။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဘော်ရသော အခွင့်ကို ငါမပေး။
7
ယခုမှာ သူ၏မယားကို သူ့အားပြန်ပေးလော့။ သူသည် ပရောဖက်ဖြစ်၏။ သင့်အဘို့ ဆုတောင်းလျက်၊ သင်သည် အသက်ချမ်းသာရလိမ့်မည်။ ပြန်၍ မပေးဘဲ နေလျှင် သင်မှစ၍ သင်နှင့်ဆိုင်သော သူအပေါင်းတို့ သည် ဧကန်အမှန်သေမည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options