အကြောင်းအရာသို့ ကျော်သွားရန်
ဧဇရမှတ်စာ 8:24-30

ဗိမာန်တော်ဘဏ္ဍာများကို အပ်နှံခြင်း

ဧဇရမှတ်စာ 8:24-30
24
ထိုအခါ ယဇ်ပုရောဟိတ်အကြီး တကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တကျိပ်ကို ငါရွေး ထားပြီးလျှင်၊
25
ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဘို့ လှူသောပူဇော် သက္ကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
26
ငွေအခွက်ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက်တတေထောင်၊ ရွှေအခွက်တထောင်။
27
ရွှေဒင်္ဂါးတထောင်အချိန်ရှိသော ရွှေအင်တုံ နှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ် ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊
28
သင်တို့သည် ထာဝရဘုရားအဘို့ သန့်ရှင်း ကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသော စိတ်နှင့် လှူသောရွှေငွေဖြစ်၏။
29
ယေရုရှလင်မြို့၊ ထာဝရဘုရား၏အိမ်တော် အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသ ရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မှီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။
30
ထိုအချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရု ရှလင်မြို့။ ငါတို့
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options