Skip to content
ဧဇရမှတ်စာ 7:23-28

ဧဇရမှတ်စာ 7:23-28

23
ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော် အဘို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း။
24
ထိုမှတပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။
25
သင်ဧဇရသည်လည်း၊ သင်၏ဘုရားသခင် တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရားသူကြီးများကို သင်၏ဘုရားသင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။
26
သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ် ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစုံတခုကို အလျင် အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။
27
ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်များရှေ့မှာ ငါ့အား အခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိ တော်မူစေသတည်း။
28
ထိုသို့ ငါ၏ဘုရားသခင် ထားဝရဘုရား ဘုန်း တော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက် သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေး စေ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options