Skip to content
ဧဇရမှတ်စာ 7:14-21

ဧဇရမှတ်စာ 7:14-21

14
အကြောင်းမူကား၊ သင်၏ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ၎င်း၊
15
ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသ ရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်း ဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့် တကွ၊
16
ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင် သွားစေခြင်းငှါ၎င်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။
17
ထိုငွေကိုယူပြီးလျှင်နွား၊ သိုးထီး၊ သိုးသငယ်နှင့် တကွ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည်။
18
ကျန်ကြွင်းသော ရွှေငွေကို သင်နှင့်သင့်ညီ အစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီပြုလော့။
19
သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဘို့ သင်၌ အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။
20
သင်၏ဘုရားသခင့် အိမ်တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ဝယ်လော့။
21
ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင့် တရားကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရတောင်းသမျှ အတိုင်း၊
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options