Skip to content
ဧဇရမှတ်စာ 7:13-17

ဧဇရမှတ်စာ 7:13-17

13
ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ် ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ် အလိုအလျောက်သွားချင်သော သူရှိသမျှတို့သည် သင်နှင့် အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။
14
အကြောင်းမူကား၊ သင်၏ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှါ၎င်း၊
15
ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသ ရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်း ဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေငွေနှင့် တကွ၊
16
ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ဘုရားအိမ်တော်အဘို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင် သွားစေခြင်းငှါ၎င်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။
17
ထိုငွေကိုယူပြီးလျှင်နွား၊ သိုးထီး၊ သိုးသငယ်နှင့် တကွ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ ဘုရားအိမ်တော် ယဇ် ပလ္လင်ပေါ်မှာ ပူဇော်ရမည်။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်

Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options