10
ကြီးမြတ်သောမင်း အာသနပ္ပါးဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသော သူများနှင့်၊ မြစ်နောက် ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊
11
အာတဇေရဇ် မင်းကြီးထံသို့ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌နေသော ကိုယ်တော် ကျွန်တို့သည်၊ ဤမည်သောနေ့ ရက်ကာလတွင် လျှောက် ပါ၏။