Skip to content
ဧဇရမှတ်စာ 2:68-70

ကနဦးပူဇော်သက္ကာများနှင့် အခြေချနေထိုင်ခြင်း

ဧဇရမှတ်စာ 2:68-70
68
အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော် ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှါ၊
69
တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
70
ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သာမည လူအချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် မိမိတို့နေရာမြို့ရွာတို့၌၎င်း၊ ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် မိမိတို့နေရာမြို့ရွာတို့၌၎င်းနေရာကျ ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options